Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

MYANMAR LATEST NEWS
မင်းဓမ္မအိမ်တော်သတင်းဌာန
DPSIS
ရ၇င်ရ မရ၇င် ချ
သေနတ်မပစ်ဗုံးမခွဲ ဓားပြမတိုက်ပါ

kaiserhein

free webpage hit counter


Photo Albumကျွန်လိုခေတ်မှာ အလင်းရောင်ပေးတာ တို့ အသံ သခင်လိုဖြစ်အောင်လမ်းညွှန်ပေးတာတို့ အသံ
Mar 23, 2012
.
Homeစိန္တေမြတ်ဘုရားရှေ့ မှာလေ ပြန်လည်ဆုံဆည်းကြဖို့ သပြေခက်တွေ သားမွေးရက်နေ့ တချို့ မှာတောင်းဆုပြုခဲ့တာJan 10, 2012

လမ်းပေါ်မှာစီးတဲ့ ဧရာဝတီ -ကျွန်တော် မငိုဘူး အမေ ... အခန်းတံခါးတွေကို အလုံပိတ် မီးပွင့်တွေ အကုန်မှိတ်ပြီး တိတ်တဆိတ် အိပ်ခဲ့ရတဲ့ညတွေမှာ ငါဘာတွေမှားခဲ့လို့လဲဆိုတဲ့ မေးခွန်းတစ်ခုနဲ့ သက်ပြင်းတွေကို မှုတ်ထုတ်နေခဲ့ရတယ်။ -ပထမနေ့ ... မေတ္တာတရားရဲ့ပဲ့တင်သံတွေ လမ်းမတွေပေါ်ကိုလွှမ်း သံဃာတော်တွေခင်းနေတဲ့လမ်းဘေးမှာ လက်အုပ်ချီ မျက်ရည်ဝဲ ကျွန်တော့်ရဲ့ခြေထောက်တွေကို ကြောက်စိတ်တွေက ဆွဲထားတုန်းပဲ ... အမေ။ -ဒုတိယနေ့ ... မိုးထဲရေထဲ ခြေဗလာနဲ့ မေတ္တာဝေကြတဲ့ပွဲမှာ လူငယ်တွေ ပြည်သူတွေ ရွှေဝါရောင်စီးကြောင်းဘေးကခြံရံ ဧရာဝတီအသစ်တစ်ခု လမ်းပေါ်ကိုလျှံထွက်ကျ မေမေရေ ... အဲဒီ့နေ့ကတော့ ကျွန်တော်ကိုယ်တိုင် ဧရာဝတီဖြစ်ခဲ့ရပေါ့ ...။ -နောက်တစ်နေ့ ... ရိုးရိုးလေးပါပဲ ... အမေ နေရဲ့အပူကို အံတု ညောင်းညာကိုက်ခဲမှုတွေကို မမှုတဲ့ သံဃာအာဇာနည်တို့အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ကျွန်တော် ... အသေအချာကိုဖြစ်ခဲ့တယ် ... အမေ။ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံက ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ အမေ ကျွန်တော်ရဲ့လုပ်ရပ်တွေအတွက် သာဓုခေါ် ကျေနပ်နေမှာ သေချာပါတယ် ...။ -ကျွန်တော့်စိတ်နဲ့ မတန်တဲ့ အချို့သောသူတွေရဲ့အကြောင်း အမေ့ကို စာလုံးပေါင်းပြမနေတော့ပါဘူး ... အရူးတကာ့အရူးထဲမှာမှ အဆိုးဆုံးဆိုတဲ့အာဏာရူး ... ပြီးတော့ သူ့နှုတ်မှာက အမိန့်ပေးခွင့် သူ့လက်အောက်မှာက ငရဲနဲ့တောင်မတန်တဲ့ မိစ္ဆာတွေ သူတို့လက်ထဲမှာက လူသတ်လက်နက် ... မေမေရေ ... ဒီနိုင်ငံရဲ့အနာဂတ် သူတို့ လက်ထဲကို ဘယ်လိုစိတ်နဲ့ ကျွန်တော်တို့အပ်ရမလဲ ...။ -မေမေရေ ... ရိုက်နှက်ခံဒဏ်ရာ ဗလပွနဲ့ ပျံလွန်တော်မူခဲ့ကြရှာတဲ့ သံဃာတော်အချို့ရဲ့ ၀ိညာဉ်တွေ ကျွန်တော့်ကို စကားလာပြောနေတယ် ... “အရှေ့အရပ်၌ရှိသော အနန္တ္တစကြ၀ဌာ အနန္တ္တ သတ္တ၀ါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ...” ငါတို့ ... မေတ္တာတရားဆိုတဲ့ အလင်းနဲ့ ငြိမ်းချမ်းခြင်းကို ထွန်းညှိခဲ့ကြတယ် ... တဲ့ ...။ ဟုတ်တယ် ... အမေ အားလုံးဟာ တကယ်ကို ငြိမ်းငြိမ်းချမ်းချမ်းပါပဲ ... ဒိုင်းတွေကို နံပါတ်တုတ်နဲ့ တဒုံးဒုံးတီးပြီး ညာသံပေးချီတက်လာသံတွေ မျက်ရည်ယိုဗုံးခွဲသံတွေ သေနတ်ပစ်သံတွေ အော်ဟစ်ဆဲဆိုသံတွေ နောက် ... ကြိမ်းမောင်းရိုက်နှက်သံတွေ အဲဒီအသံတွေ ရောက်မလာခင်အချိန်အထိ တစ်နိုင်ငံလုံးဟာ သံဃာတော်တွေရဲ့ မေတ္တာတရားတွေနဲ့ ငြိမ်းချမ်းခြင်းအတိပြီးနေခဲ့ပါတယ် ... အမေ။ -မေမေရေ ... မိစ္ဆာတို့ရဲ့ကျည်ဆံတစ်တောင့်ကို နှလုံးသားထဲ ထိုးဖောက်ဝင်ရောက်ခွင့်ပြုလိုက်ရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ဝိညာဉ်က ကျွန်တော့်ကို စကားတွေလာပြောတယ် ... “သံဃာတော်တွေကို ကျွန်တော်ရှိခိုးတယ် သံဃာတော်တွေလိုအပ်သမျှကို ကျွန်တော်လှူဒါန်းတယ် သံဃာတော်တွေနဲ့ အတူ သတ္တ၀ါအားလုံးကို ကျွန်တော်မေတ္တာပို့တယ် ... ကျွန်တော် ဘာအမှားမှမလုပ်ခဲ့ပါဘူး ... ကျွန်တော် အဖြူစင်ဆုံးစိတ်တစ်ခုနဲ့ အလုပ်သင့်ဆုံးအလုပ်တွေကိုပဲလုပ်ခဲ့တာပါ ...” တဲ့ ...။ ဟုတ်တယ် ... အမေ ကျောင်းသားတွေ လူငယ်တွေ ပြည်သူတွေ သံဃာတော်တွေဖောက်တဲ့လမ်းနောက်ကို ပျော်လို့လျှောက်လိုက်နေတာမဟုတ်ပါဘူး အမျိုး ဘာသာ သာသနာကို နားလည်လို့ အမှန်နဲ့ အမှားဆိုတာကို ခွဲခြားတတ်လို့ အမှန်တရားဘက်ကရပ်တည်ရမယ်ဆိုတဲ့ အသိရှိခဲ့လို့ နောက်ပြီး ... တတ်နိုင်တဲ့အားလေးတစ်ခုနဲ့ နိစ္စဓူဝ ဘ၀တွေထဲက ဖြစ်ဖြစ်နေတဲ့ မဖြစ်သင့်တာတွေကိုလျှော့ပစ်နိုင်ဖို့ သိပ်မသေချာတဲ့ မျှော်လင့်ချက်လေး မစို့မပို့နဲ့ လမ်းပေါ်ကိုထွက်ခဲ့ကြတာပါ ... အမှားအယွင်းဆိုတာနဲ့ဝေးတဲ့ အဖြူရောင်လူငယ်လေးတွေရဲ့ ရင်ဘတ်ကို အနီရောင်သွေးတွေလွှမ်းအောင် ပစ်ခတ် သူတို့တွေ လုပ်ရက်ခဲ့ကြတယ် ... အမေ။ -မေမေရေ ... အဲဒီတော်လှန်ရေးမှာ ... ဘုရားရင်ပြင်တော်တွေကအစ စစ်မြေပြင်ဖြစ်ခဲ့ရတယ် ... သံဃာတော်တွေရဲ့သွေးကစလို့ ကျောင်းသားလူငယ်တွေရဲ့ သွေးအဆုံး မိစ္ဆာတွေ မြိန်ရည်ယှက်ရည်သောက်သုံးခဲ့ကြတယ် မေမေရေ ... အပြောင်းအလဲတစ်ခုအတွက် အသက်ဝိညာဉ်တွေစတေးဖို့လိုအပ်တယ်တဲ့ ငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုအတွက် အမှန်တရားအတွက် ဒီထက်ပိုပြီး ... ဘယ်လောက်အထိတောင် ထပ်ပေးဆပ်ရဦးမှာလဲဆိုတဲ့အမေး ဖြေနိုင်သူတွေကို မေးကြည့်ပေးပါဦး မေမေ ...။ -မိုးပေါ်ထောင်ဖောက်ဖို့မဟုတ်တဲ့ သေနတ်တွေ အလှပြထားတာမဟုတ်တဲ့ ၀ါးရင်းတုတ်တွေ အဲဒါတွေထားလိုက်ပါ ... မေမေ ... သေချာတာတစ်ခုကတော့ ဘယ်လောက်သတ်သတ် ... ဘယ်လောက်သေသေ ... လမ်းပေါ်က ဧရာဝတီဟာ ... ကျွန်တော်တို့ရဲ့ ရင်ဘတ်ထဲမှာ ထာဝရစီးဆင်းနေဦးမယ်ဆိုတာပါ ...။ ။
.
Noteပြင်သစ်စကားသင်ကြစို့ 

မည်သူမဆို လွတ်လပ်စွာသတင်းပေးပို့ နိုင်ပါသည်

Warning! Who likes to become a member here, must have a complete profile in his/her page, with an acceptable pic. This is not a "dating" or "sex" group. Please, DO NOT SPAM THE GROUP. Violators will be banned and reported. No more tolerance for those who break these rules..


DPSIS

အမည်
အီးမေးလ်လိပ်စာ *
ခေါင်းစဉ် *
အကြောင်းအရာ *
ဓာတ်ပုံနှင့်တခြားဖိုင်များပို့ ရန်
ဓာတ်ပုံနှင့်တခြားဖိုင်များပို့ ရန်
.
Video

ကြိုးကြာတောင်ပံခတ်သံ

စာအုပ်အမည်

ကြိုးကြာတောင်ပံခတ်သံ

ဒေါင်းလုပ်ရယူရန်(Mediafire)

ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။

အင်တာနက်မှဖတ်ရန်(Google Document)

ဤနေရာတွင်နှိပ်၍ဖတ်ပါ။

ဒေါင်းလုပ်ရယူရန်(MEDIAFIRE.COM)

ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။

အင်တာနက်မှဖတ်ရန်(Google Document)

ဤနေရာတွင်နှိပ်၍ဖတ်ပါ။

ဒေါင်းလုပ်ရယူရန်(MEDIAFIRE.COM)

ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။

ဇာမဏီ(နဂါးနိုင်)စာကြည့်တိုက်
ဘိုးဘိုးအောင်နဲ့ ၇ှင်အဇ္ဖဂေါဏတို့  " မ " သလို အားလုံးအတွက် ထွက်၇ပ်လမ်း ပြမည်
GOOGLE !


BBC VOA RFA
DVB မိုးမခ ဧရာဝတီ
မဇ္ဈိမ ရိုးမ ၃ နေ့သစ်
ယနေ့မြန်မာ ဟစ်တိုင် နိရဉ္စရာ
သျှမ်းသံတော်ဆင့် မွန်သတင်းအေဂျင်စီ KIC
Dec 13, 2011
Thumbnailဒီဇာတ်လမ်းက ပြင်သစ်ဇာတ်ကားလေးပေါ့ နိုင်ငံရေးနဲ့ ဆိုင်တဲ့ဇာတ်လမ်းပေါ့လေ
ဇာတ်သိမ်းခန်းမှာ ပြောသွားတဲ့ စကားလေးက တော်တော်ကောင်းတယ်ဗျာ
ပြဿနာတိုင်းကို အကြမ်းဖက် ဖြေရှင်းစရာမလိုပါဘူး တဲ့ ဗိုလ်မောင်အေး လို တိုင်းရင်းသားတွေထဲကစစ်ဝါဒီတွေ ဒီဇာတ်ကားြ... more
Previous videos:
Dec 11-ဟစ်တလာနဲ့ မြန်မာပြည်
Sep 25-ကမ္ဘာမကြေဘူး
   View All
.
.
.
Blog Entryနောက်ဆုံးရသတင်းများMay 16, 2012




a:hover { color: red; }
a {
text-decoration: none;
color: #0088cc;
}

a.primaryactionlink:link, a.primaryactionlink:visited { background-color: #2585B2; color: #fff; }
a.primaryactionlink:hover, a.primaryactionlink:active {... more
Previous blog entries:
May 16-(9 stories) ABSDF soldiers at the group's base in Wei Gyi, Karen State
May 16-ကော်သူးလေ
May 16-လူ့ဘောင်ချစ်ဘုန်းကျော်
   View All
.
   
taungkyaw wrote on Nov 29, '11
အလည် ရောက်ဖြစ်ခဲ့ပါတယ် ခင်မျာ ကျတော့်နာမည်တင်အောင်ကျော်ပါ
မီဒီယာသမားတစ်ယောက်ဖြစ်ပါတယ်ခင်မျာ
kaiserhein wrote on Oct 6, '11
.